"မင်္ဂလာပါခင်ဗျာ"

ကိုယ်တိုင် window တင်ရအောင်...

Friday, November 6, 2009


မိမိ ကိုယ်တိုင် window တင်တဲ့အခါ အဆင်ပြေအောင် အထောက်အကူဖြစ်မယ့်ထင်တဲ့စာအုပ်လေးတင်ပေးလိုက်ပါတယ်..
အောက်တွင်ဒေါင်းလုဒ်လုပ်နိုင်ပါတယ်

here from megaupload
(သို့)
here from mediafire
(သို့)
here from zshare

Read more...

အပျင်းပြေနယ်လှည့် ဖဲကစားကြရအောင်


29.3 MB ရှိပါတယ်... ပေါ့ပေါ့ပါးပါး အပျင်းပြေ ဖဲကစားလို့၇အောင်တင်ထားပေးလိုက်ပါတယ်...
အောက်တွင်ဒေါင်းလုဒ်လုပ်နိုင်ပါတယ်
here from magaupload
(သို့)
here from rapidshare
(သို့)
here from zshare

Read more...

အမှာစကား

Monday, August 25, 2008

ဘယ်လိုပင်ဖြစ်ဖြစ် ဘယ်နေရာပဲရောက်ရောက်
ဘယ်အရပ်မှာနေနေ ကိုယ်နှလုံးသားလေးက
အကြင်နာစကား အမှာတော်ပါးလိုက်ချင်တယ်….
နောင်တစ်ချိန်မှာ မင်းနဲ့ ကိုဟာ ပြန်ဆုံမယ်ဆိုရင်
အခုချိန်မှာ ဘယ်လောက်ဝေးဝေး
ကို တစ်ယောက်ဟာမင်းအတွက်ဖြစ်ပြီး
သစ္စာရှိရှိ နဲ့ ချစ်နေမှာပါ
ယုံပါလို့ တော့ မပြောပါဘူး
မယုံမှာတော့ စိုးရိမ်တယ်
သစ္စာရှိရှိ နဲ့ ချစ်နေတယ်
ဆိုတဲ့ စကားလုံးမှာ
အဓိပ္ပါယ် များစွာပါပါတယ် ….
ချစ်သူလေးရယ်

Read more...

ကောင်မလေး သိပါစေ

ကြယ်တွေစုံသော ညချမ်းမှာ ကောင်းကင်ယံဆီ မျှော်ငေးရင်းအတွေးတွေ ဟာ
ချစ်သောသူဆီ ရောက်နေခဲ့တယ်……
ကန်တော်အင်းလေးကိုလေ ချစ်သူလေး နှင့် အတူ ပျော်ရွှင်စွာ
အလည်တစ်ခေါက် ရောက်ချင်ပါသေးတယ်…..
ဟိုးအဝေးဆီ က အပြာရောင်ရှမ်းတောင်တန်း တစ်ဖက်မှာ
ချစ်သောသူရှိနေမလား………
လင်းလက်ကြယ်ရောင် လှပတောင်တန်းများကြားမှာ ချစ်သူ
ရှိတဲ့ အရပ် မျှော်မှန်းရခက်လိုက်တာ……..
ကိုယ်လေ စဉ်းစား အတွေးတွေလည်း ပတ်ချာလည်
ချစ်သူ နှလုံးသားလွင်ပြင်ဆ်ီသို့ မှန်းဆလို ………..
လေပြည်နှင့်အတူ ရင်ထဲ အလွမ်း စာစီတမ်းလို
ပို့သလိုက်မယ် ကောင်မလေး သိပါစေ....

Read more...

ချစ်သူရယ်

Sunday, August 24, 2008

မမျှော်လင့်ဘူး ပြောခဲ့ပေမယ့် ရင်ထဲတစ်နေရာက တိုးတိတ်စွာ မျှော်လင့် နေမိတယ်.....
မရနိုင်တော့ မှန်းသိနေပေမယ့် မသိစိတ်တစ်နေရာက တမ်းတစွာ လိုချင် နေမိတယ်......
မဖြစ်နိုင်ဘူးဆို ပေမယ့် နှလုံးသားရဲ့ တစ်နေရာက မ၀ံ့ မရဲ့ တောင်းတနေမိတယ်.......
မဆုံနိုင်တော့မှန်း သိနေခဲ့သော်လည်း နှလုံးသား ရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ.....
ဆုံနိုင်ခွင့်လေး ကို ရှူးသွပ်စွာ ပြင်းပြင်း ပြပြ မျှော်လင့် တမ်းတရင်း .....
အဝေးတစ်နေရာမှ။ ။

Read more...

မြတ်နိုးနေမယ်

တစ်ဘ၀ တစ်ခါ
တစ်သက် တစ်ယောက်
တစ်လွှာ တစ်ရွက်
တစ်ခက် တစ်ပွင့်
ရင့် လို့ ပဲ ၀ါဝါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ကတည်းပဲ ကြွေကြွေ
မြေပဲ ရောက်ရောက်
ဖွဖွလေး ကောက်လို့
ပန်းခြောက်ဖြစ်နေလည်း
မြတ်နိုးနေမယ် ....ချစ်သူရယ်။။

Read more...

အချစ်ဆုံးလေး

အချစ်ဆုံးလေး နှင့် အတူ ..........
အေးမြတဲ့ တောင်ကြီးဆောင်း ကိုလည်းအရမ်းသတိရတယ်
လျှောက်ခဲ့ ဘူးတဲ့ လမ်းလေးတွေကိုလည်း တမ်းတနေမိတယ်
ပျော်ရွှင်ခဲ့ တဲ့အချိန်လေးတွေကိုလည်း တောင်းတနေမိတယ်
အချစ်ဆုံးလေးရယ်.............
အခြေအနေ တစ်ခုရဲ့ သတ်မှတ်မှု ကြောင့် မောင်နဲ့ အချစ် ဝေးနေခဲ့ ရပေမယ့်
အချိန်တစ်ခုရဲ့ တိုင်းတာမှုအောက်မှာ
ပျော်ရွှင်စွာ ပြန်ဆုံချင်ပါတယ် ....

Read more...
မိဘနှစ်ဖြာ ရှိနေပါလည်း ကျေးဇူးမသိ မဆပ်မိက တစ်သက်လုံးလုံး လူဖြစ်ရှုံး၏

သန်လျင်အကြောင်းသိကောင်းစ၇ာများ


သန်လျင်တံတား

သန်လျင်တံတားကို၁၉၈၅ ခုနှစ်စတင်ပြီး တ၇ုတ်ပြည်သူ့ သမ္မတနိုင်ငံကနေတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်

ကိုသြဒိနိတ်မျဉ်း…..16°4729N 96°1357E…..ဒီဇိုင်း Truss Bridge ဖြစ်ပြီး ၁၉၉၃ ခုနှစ် ဇူလိုင်လ ၃၁ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပါတယ်..တံတားကြီး၏ အလယ်လမ်းကြောင်းတွင် မီးရထားလမ်းပါ၇ှိပြီးဘေး တစ်လက်တစ်ချက်စီတွင် ကားလမ်းများနှင့်လူသွားလမ်းပါများ ပါ၇ှိပါသည်။အမှတ်(၁)သန်လျင်တံတား၏အကျယ်မှာ ၁ ကီလိုမီတာ ကျယ်ပြီး တံတားကြီးရဲ့အရှည်မှာ၄၂ကီလိုမီတာ ၇ှည်ပါသည်။သန်လျင်တံတားဟာ ပဲခူးမြစ်ကိုဖြတ်သန်းဆောက်လုပ်ထားခြင်းဖြစ် ပါတယ်.သာကေတမြို့နယ် နှင့်သန်လျင်မြို့နယ်ကို ဆက်သွယ်ဆောက်လုပ်ထားတာဖြစ်ပါတယ်…. ရန်ကုန်မြို့ကနေအမှတ်(၆) အဝေးပြေးကားလမ်းအတိုင်း… အမှတ်(၁)သန်လျင်တံတားကြီးကို ဖြတ်ပြီးသီလ၀ါဆိပ်ကမ်း. သန်လျင်စက်မှု့ဇုံ နှင့် အခြားမြို့.ရွာများကိုလည်း ဖြတ်သန်းသွားလာမှု့လွယ်ကူချောမွေ့စွာသွားလာနိုင်ပါတယ်.သန်လျင်တံတား အမှတ်(၂)ကို၂၀၀၀ခုနှစ် တွင်စတင်တည်ဆောက်ပြီး သန်လျင်မှအမှတ်(၂)အဝေးပြေးကား လမ်းအတိုင်းရန်ကုန်မန္တလေး အဝေးပြေးလမ်းကားလမ်း ကိုကူးသန်းသွားလာနိုင်ပါတယ်… သန်လျင်တံတားအမှတ်(၁) နှင့်ပုံစံတူုဖြစ်ပြီးပဲခူးမြစ်ကို ဖြတ်ကာ သန်လျင်-၇န်ကုန်

သယ်ယူပို့ဆောင်ရေး အဆင်ပြေချောမွေ့စေဖို့ ဖြစ်ပြီးစုစုပေါင်းအရှည်မှာ ၄၅၃၀ပေ(၁၃၈၀မီတာ) ..အနံ.၈၄ပေ(၂၆မီတာ) VerticalClearance၁၃၀ပေ (၄၀မီတာ) ဖြင့် တည်ဆောက်နေဆဲဖြစ်ပါသည်..

စက်ရုံ အလုပ်ရုံများ

သီလ၀ါတွင် မြန်မာနိုင်ငံ အပြည်ပြည် ဆိပ်ကမ်း(Myanmar InternationalTerminals at Thilawa)

သန်လျင် ဖန်ချက်စက်ရုံ(အမှတ်(၁) စက်မှုဝန်ကြီးဌါန)

သန်လျင် ရေနံချက်စက်ရုံ(စွမ်းအင်ဝန်ကြီးဌါန)

အထည်ချုပ်စက်ရုံများ(အစိုးရပိုင် နှင့် ပုဂ္ဂလ္ကိ ပိုင်များ)

ခဲမဖြူ နှင့် အဖြိုက်နက် စက်ရုံ (သတ္တုတွင်းဝန်ကြီးဌါန)

သံမဏိ စက်ရုံ နှင့်အခြား အသေးစား စက်မှု့ လက်မှု့လုပ်ငန်းများ တည်ရှိပါသည်။

ပညာသင်ကြားေ၇းအတွက်

မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် (Myanmar Maritime University,)

ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် (The University of East Yangon)

သန်လျင် စက်မှု့ နည်းပညာတက္ကသိုလ် (Technological University,Thanlyin )

သန်လျင် သမ၀ါယမ ကောလိပ်..အခြေခံပညာအထက်တန်းကျောင်း (၄)ကျောင်း. အလယ်တန်းကျောင်းများ

မူလတန်းကျောင်းများ တည်ရှိပါသည်….

စေတီပုထိုးများ - ကျွန်တော်တို့ ၏ မွေး၇ပ်မြေဖြစ်သော သန်လျင်မြို့ ဦး အ၀င်တွင် သမိုင်းဝင်ရှင်မွှေးလွန်း နှင့် မင်းနန္ဒာ စေတီ(လွမ်းစေတီ) ကိုစတင်ဖူးမြင်ရမှာဖြစ်ပြီးအမှတ်(၁)သန်လျင်တံတားကနေ မိနစ် ၂၀ ခန့် ကားစီးပြီးလာလျှင် သန်လျင်-ကျောင်တန်းကားလမ်း၏ ညာလက်ကုန်းပြင်မြင့်တွင် သမိုင်းဝင်ကျိုက်ခေါက်ဘု၇ား ကို ဖူးမျှော်ခွင့်ရမှာ ဖြစ်ပါတယ်…ဘုရားကြီး၏ ပတ်ဝန်းကျင်အနီးနားတွင်လည်း ၀န်ကြီးပဒေသရာဇာအုတ်ဂူ..နတ်ရှင်နောင် အုတ်ဂူများလေ့လာတွေ့ရှိ၇မှာဖြစ်ပါတယ်…….ကျိုက်ခေါက်ဘုရား ရင်ပြင်တော်ကနေ ရန်ကုန်မြို့တွင် ကိုးကွယ်တည်ထားသော မြတ်ရွှေ တိဂုံ စေတီတော်ကို လည်း မြင်တွေ့ ဖူးမျှော် ကာ ပဲခူးမြစ်၏ အလှအပ .

သန်လျင်မြို့ရဲ့ အလှအပ သဘာဝရှူ့ခင်းများ မြစ်ချောင်းများ နှင့် ပင်လယ်ဝ ကို လည်း တွေမြင့်၇မှာဖြစ်ပါတယ်..သန်လျင်မြို့တွင် အခြား စေတီပုထိုးများ နှင့် ဘုရား ဆင်းတုတော်များကို တည်ဆောက် ကိုးကွယ်ထားတာကို ဖူးမျှော်နိုင်မှာဖြစ်ပါတယ်….


သို့ / သဇင်

ပန်းသဇင် ဆိုတာ တို့များ အချစ်ဆိုတာ မသိခင်ကတည်း က ပင်မြင့် ထက်မှာ စံမြန်းနေတာပါ…. ပွင့်ဆဲ ပွင့်မြဲ တင့်တယ်လှပနေမယ့် ပင်မြင့်ထက် က သဇင် ပန်းရောင်စုံကြားမှာ အမြဲလှပနေမှာပါ… သဇင် ၇ယ် ရိုးရိုး လေ ချစ်ခဲ့ပေမယ့် တို့များရင်မှာ ထာဝစဉ် စံမြန်းနေပေးပါနော်……..

ကောင်မလေးရေ

တစ်ချိန်က ငါ့ အိပ်စက်နေတုန်းမှာ မင်းအမြဲကြည်စား စနောက်ခဲ့တယ်လေ အဲဒီတုန်းက မင်းရဲ့ ချစ်စဖွယ်ကြည်စားမှု့ကို ငါ့ စိတ်ဆိုးမိတာပေါ့ …………… မင်းပြောခဲ့တဲ့ စကားလေးတစ်ခွန်းက “ချစ်လို့ စတာပါ မောင်ရယ်..မောင် မကြိုက်ရင် မစတော့ပါဘူးတဲ့” မင်းရဲ့ချစ်စဖွယ်ကြည်စားမှု့လေးတွေကို တန်းဖိုးမထားတက်ခဲ့ပါဘူး ကောင်မလေးရယ်………. မင်းရဲ့ ဟိုးအဝေးကြီးကို ရောက်မှ သတိရ တောင်းတမိနေတယ် ရရှိတုန်းက တန်ဖိုးမထားတက်တဲ့ ငါ့ ကို ကောင်းမလေး စိတ်ဆိုးနေမလား………… တစ်နေ့နေ့ တစ်ချိန်ချိန် မှာ အခွင့်ရှိနေမယ် ဆိုရင် ရင်ခုန်ခြင်းတွေ နှင့်အတူ မင်းရဲ့ အနားမခွဲခွါပဲ ချစ်စဖွယ်ကြည်စားမှု့ကို တစ်သက်လုံး ခံစားခွင့်ပြုပါလား ကောင်မလေး၇ယ်……..

ပြန်ဆုံချင်ပြီ

ကောင်မလေးရေ တွေ့ရက်ကနည်း. .ခွဲ၇က်ကများ… ပျော်ရွှင်ခဲ့သော နေရက်တွေထက်.လွမ်းရက်ကပို အမြဲခွဲခွါနေရတဲ့ ဘ၀ကလည်း လွတ်မြောက်ချင်ပြီ………….. စာလေးတွေပို့ .. ဖုန်းလေးနဲ့ စကားတွေပြော..ဓါတ်ပုံလေးကြည့် အင်တာနက်မှာတစောင့်စောင့် ဂျီတော့မှာချက် ဗီဇက်အိုမှကြည့် မြင်ရက်နဲ့မကြင်ရတဲ့ ချစ်သူနှစ်ဦးရဲ့ ဘ၀တွေလည်း မြန်မြန်ပြီးချင်ပြီ………. နွေးထွေးသောမျက်ဝန်း လှပသောအပြုံး နူးညံသောနှုတ်ခမ်း ချိုတာသောအသံတွေနဲ့ ပြုံးနေတဲ့ ကောင်မလေးရဲ့ မျက်နှာကို အာရုံတွင်စဉ်းစား အတွေးနဲ့ပုံဖော် စိတ်ကူး နဲ့ သတိရနေတဲ့ ဘ၀လေးက အမြန်ဆုံး နိဂုံးချုပ် လိုက်ချင်ပြီ………. တို့ ချစ်သူနှစ်ဦး ရဲ့စိတ်ကူးယဉ်အိမ်မက်လေး အတိုင်း အတူတွဲူတွဲလို့ သာယာချမ်းမြေ့ အေးချမ်းပျော်ရွှင်စရာ ကောင်းတဲ့ ဘ၀လေးကို လက်တွေ့ကျကျ တည်ဆောက်ဖို့ အတွက် မောင် ပြန်လာတော့မယ်…………….
မင်းပေးခဲ့သော အချစ်တွေနဲ့ ငါပျော်၇ွှင်ခဲ့ဘူးတယ် မင်းပြောခဲ့သော စကားတွေကို ငါနားထောင်ခဲ့တယ် မင်းတောင်းခဲ့သော ကတိစကားတွေကို ငါပေးခဲ့တယ် မင်းပေးဖူးတဲ့ ကတိစကားတွေကို ငါ ယုံကြည်နေမိတယ် ပြသာနာ တွေကို တို့ အတူတူဖြေရှင်းခဲ့ဘူးတယ် အခက်ခဲတွေကို တို့ အတူတူရင်ဆိုင်ခဲ့ဘူးတယ် ပျော်၇ွှင်စ၇ာ ဘ၀လေးကို တို့ အတူတူလျှောက်လှမ်းဘူးတယ် အတိတ်ကနေ့ရက်တွေက အရမ်းလှပ ခဲ့ပါတယ်.. ကောင်မလေးရေ အခြေအနေတွေအရ တို့များ ခွဲခွါနေကျရပေမယ့် မင်း အပေါ်ထားတဲ့ ငါ့ ရဲ့ ချစ်ခြင်းမေတ္တာတွေ ဘယ်တော့မှလျော့မသွားဘူး ဘယ်လောက်ဝေးဝေး မင်းကတိ/သစ္စာတရားတွေကို ငါယုံကြည်နေမှာပါ ငါ့ ရဲ့သစ္စာတရား ချစ်ခြင်းမေတ္တာကို မင်းယုံကြည်စေချင်တယ် ငါတို့ နှစ်ယောက်ရဲ့ ခွဲခွါခြင်းက တစ်ဘ၀စာမဟုတ်ပါဘူးတစ်ခဏတာပါ တို့ချစ်သူနှစ်ဦးရဲ့ ဝေးကွာခြင်းဟာ အချိန်အတိုင်းအတာလေး တစ်ခုပါ.. အနေဝေးနေ ပေမယ့် အခြေနေပေးရင် အပြေးပြန်လာချင်ပါတယ် ငါတို့ ရဲ့ မျှော်လင့်ခြင်းနေ့ရက်တွေ များအကြာမှီ ရောက်လာတော့မှာပါ အနာဂတ်နေ့ရက်တွေမှာ ချစ်သူ မင်းလက်ကိုတွဲပြီးလျှောက်လှမ်းချင်တယ်. အခုတော့ ကောင်မလေးရယ် အတိတ်ကအတူတူ ပျော်ရွှင်ဖူးတာကွေကို စဉ်းစားတမ်းတရင်း မင်း ကို ငါ့ လွမ်းနေမယ်
မင်းကို ငါ အချိန်တိုင်း မလွမ်းပေမယ့် ငါ့ အသက်ရူလိုက်တိုင်း သတိရနေတာပါ…. ပညာသင်နေတဲ့ အချိန်မှာ မင်း ကို လွမ်းတဲ့ ငါ့ရဲ့အလွမ်းတွေ ကို မင်း သိနိုင် ပါ့မလား……. ရင်ခုန်ခြင်းတွေ နှင့်အတူ နွေးထွေးမှု့ ယုယမှု့တွေကို ပေးခဲ့တဲ့ ချစ်သူလေးရယ် မင်း ကို သတိ၇လိုက်တာ…

သီချင်း နားထောင်ကြရအောင်

ငါ့ဘ၀မှာ ဟိုးငယ်ငယ်လေးကတည်းက ကံကောင်းတာဆိုလို့ မုန်းတိုင်းကြားထည့်မှာ နေလေးတစ်ချက်ပွင့်တာကို လှမ်းမြင်သလောက်ပဲရှိတာပါ……...........
လာေ၇ာက်လည်ပတ်သူများအားလုံးကို အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ...မောင်သန်လျင်

  © Free Blogger Templates Nightingale by Ourblogtemplates.com 2008

Back to TOP